အလုံမြို့နယ်ရှိ တိုက်ခန်းတစ်ခု၌ ဇူလိုင် ၁ ရက်ည ၈ နာရီခွဲခန့်က အနုကြမ်းစီးမှုဖြစ်ပွား
Tueday, July 02, 2013
အလုံမြို့နယ်၊ စက်တွင်းလမ်း၊ အမှတ် ၆၀ (ခြောက်လွှာ) ရှိ တိုက်ခန်း တစ်ခုတွင် ဇူလိုင် ၁ ရက်ည ၈ နာရီခွဲခန့် အချိန်က အနုကြမ်းစီးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လက်ဝတ် လက်စားများနှင့် ငွေကြေးများ ယူဆောင် သွားကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ယင်းတိုက်ခန်းတွင် နေထိုင်သော အမျိုးသမီးတစ်ဦး (သမီးအကြီးဖြစ်သူ) နှင့် ခင်ပွန်းလောင်း ဖြစ်သူတို့ သီရိမင်္ဂလာဈေးသို့ သွားစဉ် အိမ်တွင် အသက် ၁၄ နှစ်ဝန်းကျင်ရှိ သမီးအငယ် ဖြစ်သူနှင့် အသက် ၄၃ နှစ်ဝန်းကျင်ရှိ အိမ်ဖော် အမျိုးသမီးတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် အမျိုးသားနှစ်ဦးမှ အနုကြမ်းစီးကာ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးတို့ကို ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
''ည ၇ နာရီခွဲလောက် ကတည်းက အမျိုးသားငါးဦး တက်လာပြီး လူတစ်ယောက်ကို လာရှာသလိုမျိုး မေးတယ်။ မရှိဘူး ပြောလိုက်တော့ ပြန်ဆင်းသွားကြတယ်။ ည ၈ နာရီခွဲလောက်မှာ နှစ်ဦးပဲ တက်လာတယ်။ တံခါးခေါက်လို့ သမီးအငယ် ဖြစ်သူက တံခါးဖွင့်ပေးလိုက်တဲ့ အချိန်မှာ အိမ်ထဲကိုဝင်ပြီး မီးတွေ ပိတ်လိုက်တယ်။ ပြီးတော့ 'နင့်အမေ မဲဖိုးထုတ်ထားတဲ့ သိန်း ၃၀ ဘယ်မှာလဲ' လို့မေးတယ်။ 'မရှိတော့ဘူး၊ ပေးလိုက်ပြီ' လို့ ပြန်ပြောတဲ့အခါ အခန်းထဲကို အတင်းဆွဲခေါ်သွားတယ်။ ရွှေထည်ပစ္စည်းတွေနဲ့ ငွေကျပ်တစ်သိန်းခွဲကို လုယူထွက်ပြေးသွားတယ်။ အိမ်ဖော်အမျိုးသမီးရဲ့ နောက်ကျောကို ဓားနဲ့ထိုးလို့ ဒဏ်ရာရတယ်။ ရဲစခန်းကို အကြောင်းကြားတော့ ၉ နာရီ မိနစ် ၂၀ လောက်မှာ ကျွန်တော်တို့ သိရတယ်။ အဲဒီအချိန်မှာ တရားခံတွေ မရှိတော့ဘူး။ ထွက်ပြေးသွားပါပြီ'' ဟု အလုံရဲစခန်းမှ ရဲအုပ် ညီမျိုးလွင်က ပြောပြခဲ့သည်။
ပ-၁၄၄/၁၃၊ ပုဒ်မ ၃၉၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Credit : myanmar online news

No comments:
Post a Comment