Friday, July 5, 2013

Ooredoo ကမြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်းမှာဒေါ်လာ၁၅သန်း အထိရင်းနှီးမြုပ်နှံမည်


Friday, July 5, 2013
မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိခဲတဲ့ ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုထဲမှ Ooredooကုမ္ပဏီက မြန်မာနိုင်ငံရဲ့
ဆက်သွယ်ရေးလုပ်ငန်းမှာ အမေရိကန်ဒေါ်လာတစ်ဆယ့်ငါးသန်းအထိ ရင်းနှီးမြှပ်နှံသွားမယ်လို့သိရပါတယ်။

Ooredoo ကုမ္ပဏီရဲ့အရှေ့တောင်အာရှစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ နည်းဗျူဟာဒါရိုက်တာ Mr.Nicholas Swierzy က ' ငါးနှစ်အတွင်းမြန်မာ
နိုင်ငံမှာ မိုဘိုင်းသိပ်သည်းဆ ငါးဆယ်ရာခိုင်နှုန်းကနေခုနှစ်ဆယ့်ငါးရာခိုင်နှုန်း
အထိကို အစိုးရရဲ့သတ်မှတ်ချက်အတိုင်း ပြည့်မှီအောင်ဆောင်ရွက်သွားမယ်။ ရင်းနှီးမြှပ်နှံမှုအနေနဲ့ ဒေါ်လာတစ်ဆယ့်ငါးသန်းအသုံးပြုသွားမယ်' လို့ပြော
ပါတယ်။

သရီးဂျီHSPA နည်းပညာသုံးပြီး မိုဘိုင်းဝန်ဆောင်မှုနဲ့ ဒေတာဝန်ဆောင်မှုကို လအနည်းငယ်အတွင်း မြန်မာပြည်သူတွေလက်ထဲရောက်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ပြည်တွင်းမှဝန်ထမ်းတွေကိုကုမ္ပဏီမှာ တစ်ရာရာခိုင်နှုန်း
ခန့်အပ်သွားမှာလို့ဆိုပါတယ်။

Ooredoo က၀န်ဆောင်မှုပေးမယ့်လုပ်ငန်းတွေကိုတော့ ဆက်သွယ်ရေး
နဲ့အပြီးသတ်ညှိုနှိုင်းဆွေးနွေးပြီးရက် အသေးစိတ်ပြောပြသွားပါ့မယ်လို့ ယနေ့ Parkroyal ဟိုတယ်မှာပြုလုပ်ခဲ့တဲ့ Ooredoo ကုမ္ပဏီရဲ့သတင်းစာ
ရှင်းလင်းပွဲမှ သိရပါတယ်။

Ref:The Modern News Journal

No comments:

Post a Comment