Saturday, July 6, 2013

တောင်ပေါ်မှမြေပြိုရာ ကျောက်တုံး ၃ တုံးဆေးရုံပေါ်သို့ကျ

နေပြည်တော်၊ ဇူလိုင် ၅

၎-၇-၂၀၁၃ ရက်နေ့ ၀၄၃၀ အချိန်ခန့် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက်ကာကျေးရွာ ရွာလယ်ပိုင်းရှိတောင်ပေါ်မှမြေများပြိုကျ၍ ကျောက်တုံး(၃)တုံးသည် တောင်အောက်သို့လိမ့်ကျခဲ့သည်။ ထိုသို့လိမ့်ကျသဖြင့် တောင်အောက်ရှိ တိုက်နယ်ဆေးရုံ(ဟောင်း) ၀င်းအတွင်းမှ သူနာပြုဆရာမနေအိမ်(၃)ခန်းတွဲ၏ အလယ်ခန်းအနောက်ဘက်နံရံ လျှာထိုးပျဉ်(၂၀)ချပ်၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၁၅၀၀၀၀ိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည် 

No comments:

Post a Comment