ရန်ကုန်မြို့ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေရုံးနှင့် အနောက်ပိုင်းခရိုင် ဥပဒေရုံး အဆောက်အအုံများကို လက်ရှိနေရာများမှ ပြောင်းရွှေ့ဆောက်လုပ်မည် ဖြစ်သောကြောင့် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်ရုံးမှ တင်ဒါခေါ်ယူထားကြောင်း သိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေရုံးကို လက်ရှိ သင်္ဃန်းကျွန်းမြို့နယ်မှ ဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် ပုဇွန်တောင်ချောင်းဘေး၊ မြေတိုင်းရပ်ကွက် (၆ အေ/၄၃၁) မြေကွက် အမှတ် ၂/၃ ရှိ ဧရိယာ ၁ ဒသမ ၁၆၂ ဧက အကျယ်အ၀န်းရှိ မြေနေရာပေါ်တွင် လည်းကောင်း၊ အနောက်ပိုင်းခရိုင် ဥပဒေရုံးကို လက်ရှိ ကျောက်တံတားမြို့နယ်မှ လမ်းမတော်မြို့နယ်၊ ခရေပင်လမ်းရှိ မြေတိုင်းအမှတ် 20A ရှိ မြေတစ်ဧက အကျယ်အ၀န်းပေါ်တွင် လည်းကောင်း အသီးသီး တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် တရားရုံးကြီး နှစ်ခုအား မူလနေရာမှ ပြောင်းရွှေ့ တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်လျက် ရှိကြောင်း...
အဆိုပါ အဆောက်အအုံများ အတွက် ရေသန့်နှင့် လျှပ်စစ်လုပ်ငန်း၊ မြေပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများ အပါအ၀င် ဗိသုကာပုံစံနှင့်အညီ ဆောက်လုပ်သွားမည် ဖြစ်ကြောင်းနှင့် အိတ်ဖွင့်တင်ဒါ ပုံစံများကို ဇူလိုင် ၃၀ ရက်အထိ ရုံးချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် လာရောက်ထုတ်ယူ နိုင်ကြောင်းလည်း သိရသည်။
ရန်ကုန်မြို့ရှိ အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် တရားရုံးကြီး နှစ်ခုအား မူလနေရာမှ ပြောင်းရွှေ့ တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်လျက် ရှိကြောင်း တရားလွှတ်တော် ရှေ့နေများထံမှ သိရသည်။
ယင်းကဲ့သို့ အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် တရားရုံး ပြောင်းရွှေ့မှု အတွက် ကျပ်နှစ်ဘီလျံခန့် သုံးစွဲသွားမည် ဖြစ်ကြောင်း၊ သို့သော်လည်း မည်သည့်ကာလတွင် အပြီး တည်ဆောက်သွားမည်ကိုမူ အတိအကျမသိ ရသေးကြောင်း ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောကြားခဲ့သည်
Eleven Media Group
No comments:
Post a Comment