Saturday, July 6, 2013

မြန်မာနိုင်ငံကအစ္စလာမ်ဘာသာဝင်များ၏ လက်ရှိပြဿနာများပြေလည် အောင်ဖြေရှင်းပေးရန်အတွက်အဆင်သင့်ရှိနေကြောင်းOIC ကြေညာ

(6.7.2013, Saturday)

မြန်မာနိုင်ငံကအစ္စလာမ်ဘာသာဝင်များ၏ လက်ရှိပြဿနာများပြေလည်
အောင်ဖြေရှင်းပေးရန်အတွက် အဆင်သင့်ရှိနေကြောင်း အစ္စလာမ်နိုင်ငံ
(၅၇)နိုင်ငံပါဝင်ဖွဲ့စည်းထားသော OIC ခေါ်(အစ္စလာမ်နိုင်ငံများပူးပေါင်
ဆောင်ရွက်ရေးအဖွဲ့)က၊ဇူလိုင်(၄)ရက်နေ့ကထုတ်ပြန်ကြေညာသည်။ယခုလို
ဆောင်ရွက်ရာတွင် မြန်မာအစိုးရဆီကခွင့်ပြုချက်ရသည်နှင့် လူသားချင်းစာနာ
ထောက်ထားရေးအကူအညီများပေးရန် အသင့်ရှိနေကြောင်းOIC အတွင်းရေး
မှူးချုပ်ကကြေညာချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သော(၂၀၁၂)ခုနှစ်
အတွင်းက OIC အနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်ခွင့်ပြုရန် မြန်မာ
အစိုးရဆီသို့ ပန်ကြားခဲ့ပြီးနယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်
တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဝိုင်းဝန်းဆောင်ရွက်ရန် သဘောတူ
လက်မှတ်ရေးထိုးခဲ့သော်လည်း ပြည်တွင်းတွင် OIC ရုံးခန်းမဖွင့်ရေးကန့်ကွက်
ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့ခြင်းကြောင့်အစိုးရတာဝန်ရှိသူများအနေဖြင့် ရပ်နား
ထားခဲ့ကြောင်းသိရသည်။ယခုကြေညာချက်တွင် OIC အနေဖြင့် မြန်မာနိုင်ငံ
အတွင်းကအစ္စလာမ်ဘာသာဝင်များ အရေးကိစ္စကို ဝိုင်းဝန်းဖြေရှင်းအကူ
အညီပေးနိုင်ရန် ထပ်မံတောင်းဆိုထားသောအဆိုပြုချက်လည်း ပါဝင်သည်။

SkyNet TV Browser

No comments:

Post a Comment