Saturday, July 6, 2013

ဘဏ်များအသင်းတွင် အခမ်းအနားကျင်းပရန် ကြိုတင် ခွင့်ပြုချက်လိုအပ်မှု လုံခြုံရေးအတွက်ဟုဆို



ရန်ကုန်၊ ဇူလိုင် ၅

မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များ အသင်းတွင် အခမ်းအနားများ ကျင်းပမည်ဆိုပါက ၁၀ ရက်ခန့် ကြိုတင်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ထံမှ ခွင့်ပြုချက် တောင်းခံရခြင်းမှာ လုံခြုံရေးနှင့် သတင်း အချက်အလက် များ လုံခြုံစေရန်ဖြစ်ကြောင်း အဆိုပါအသင်း၏ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

အခမ်းအနားများ ကျင်းပရန် ၁၀ ရက် ခန့် ကြိုတင် အကြောင်းကြား ရမည် ဖြစ်သော်လည်း ကျင်းပမည့် အချိန်၊ အခမ်းအနား ကြာမြင့်ချိန်၊ အကြောင်းအရာများမှလွဲ၍ ကျန် အသေးစိတ် အချက်များ တင်ပြရန် မလိုအပ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များ အသင်းတွင် ယင်းကဲ့သို့ သတ်မှတ်ချက် ရှိနေသည်ကို သေချာ မသိကြောင်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အစည်းအဝေးများမှ လွဲ၍ အခြား အခမ်းအနားများ ကျင်းပမှု နည်းကြောင်း ပုဂ္ဂလိကဘဏ် တစ်ခု၏ အကြီးတန်း အရာရှိ တစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များ အသင်းမှာ အစိုးရမဟုတ်သော ပုဂ္ဂလိက အဖွဲ့အစည်း တစ်ခု ဖြစ်သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနတို့နှင့် ဆက်စပ်မှုရှိပြီး အသင်းမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စီမံခန့်ခွဲမှုအောက်တွင် ရှိကြောင်း ၎င်းက ဆိုသည်။


The Voice Weekly

No comments:

Post a Comment