Saturday, July 6, 2013

ငြိမ်းချမ်းရေးရရန် ပြည်သူနှင့် နိုင်ငံ၏ဘဏ္ဍာကို သုံးမည်ဟု ကာ/လုံအစည်းအဝေးတွင် ဆုံးဖြတ်ကြောင်း ဦးရွှေမန်းပြော

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ပြည်သူ့ဘဏ္ဍာနှင့် နိုင်ငံ၏ဘဏ္ဍာကို သုံးစွဲသွားမည်ဟု အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီမှ ဆုံးဖြတ် ထားကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။

''ငြိမ်းချမ်းရေးဖော်ဆောင်ရေး အတွက် ငွေကြေးပစ္စည်း အထောက် အပံ့များ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီ လို ဆောင်ရွက်တဲ့ အခါမှာ ပြည် ပနိုင်ငံ ပြည်ပအဖွဲ့အစည်းများက ပေးလိမ့်မယ် ဆိုတဲ့မျှော်လင့်ချက် အဓိကမထားဘဲ ပြည်သူ့ဘဏ္ဍာ၊ နိုင်ငံရဲ့ဘဏ္ဍာကို သုံးစွဲ ပြီး ငြိမ်းချမ်းရေးရအောင်လည်း သ ဘောတူ ဆုံးဖြတ်ကြပါတယ်'' ဟု ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့က အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး နောက် ပိုင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပဉ္စမနေ့ (ဇူလိုင် ၂ ရက်) တွင် ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အထက် ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေး ဗဟိုကော်မတီနှ င့် ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီများ သည် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းရာ တွင် အချို့သော အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းသည့် ကိစ္စရပ်များ၌ အောင်မြင်မှုများ ရရှိခဲ့သော်လည်း အချို့ သောကိစ္စရပ်များတွင် မလိုလားအပ် သော ကိစ္စရပ်များနှင့် ဘေးထွက်ဆိုး ကျိုးများ ပေါ်ပေါက်လာနိုင်ကြောင်း ပြည်သူ များအတွင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များအတွင်းမှ တင်ပြမှု များ ရှိခဲ့ပြီးဖြစ်ကြောင်း၊ ယင်းကိစ္စများ ကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အနေ ဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီ အစည်းအဝေးအား အမြန် ဆုံး ခေါ်ယူကျင်းပပေးနိုင်ပါရန် နိုင်ငံ တော် သမ္မတထံသို့ ၂ဝ၁၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''မိမိတို့ နားလည်လက်ခံထားတဲ့ အချက်က ငြိမ်းချမ်းရေး ရအောင် တည် ဆောက်တဲ့အခါမှာ ဥပဒေနှင့်အညီ ပြည်သူများရဲ့ ဘဝလုံခြုံရေးကို ထိပါး လာမည့် သို့မဟုတ် ပြည်သူများရဲ့ ဘဝ လုံခြုံရေးကို အကာ အကွယ်မပေးနိုင်တဲ့ ဖြစ်စဉ်ဖြစ်ရပ်မျိုးများ ဖြစ်လာလို့ရှိရင် မကောင်း တဲ့ဘေးထွက်ဆိုးကျိုးများ ဖြစ် ပေါ်လာနိုင်တဲ့အတွက် လေ့လာသုံးသပ် ပြီး ဆောင်ရွက်ဖို့လည်း စဉ်းစားသုံးသပ် တတ်ကြပါတယ်။ ဒါကြောင့် လွှတ်တော် ဥက္ကဋ္ဌက မနေ့က နိုင်ငံတော်သမ္မတထံ ကို ပေးပို့တဲ့ သဝဏ်လွှာမှာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဆွေးနွေး ပွဲမှာ နိုင်ငံအတွက်၊ ပြည်သူ အတွက်၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံနဲ့ နိုင်ငံသား များအတွက် အင်မတန်အကျိုး ရှိတဲ့ဆွေးနွေးမှုဖြစ်ကြောင်း လွှတ်တော် သို့ ပြန်လည်တင်ပြခြင်း ဖြစ်ပါတယ်'' ဟု သူရဦးရွှေမန်းက ပြည်သူ့ လွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ်များအား အသိပေးပြော ကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ပြော ကြားချက်အရ ကာ/လုံ အစည်းအဝေး သည် နိုင်ငံနှင့် နိုင်ငံသားများ၏ ဘဝ လုံခြုံရေးအပါ အဝင် ပြည်တွင်းငြိမ်းချမ်း ရေး ဖော်ဆောင်ရေးအတွက် များစွာ အကျိုး ရှိကြောင်း၊ ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းများ ရရှိရန် စနစ်တကျနှင့် နည်းလမ်းတကျ ဆောင်ရွက်သွားမည် ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

''ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ မိမိတို့တိုင်းရင်းသားများ အားလုံးက လိုလားကြပါတယ်။ ဒါကြောင့်မို့ ငြိမ်း ချမ်းရေး ရရှိအောင် မဖြစ်မနေ ကြိုးစား လုပ်ဆောင်ကြဖို့ ဆုံးဖြတ်ပါတယ်'' ဟု ၄င်းက လွှတ်တော်အစည်း အဝေးတွင် ကိုယ်စားလှယ်များအား ပြန်ပြောင်းပြော ကြားသည်။

လက်ရှိတွင် ပြည်တွင်းငြိမ်းချမ်း ရေး အတွက် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများမှ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် KIA/KIO အဖွဲ့တစ်ဖွဲ့သာ ကျန်ရှိတော့ ကြောင်း ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦး အောင်မင်း (သမ္မတရုံးဝန်ကြီး) က ဇွန် လ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် လွှတ် တော်အစည်းအဝေး တွင် ပြောကြားခဲ့ သည်။

ထို့ပြင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ''ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါမှာ အချို့လက်နက် ကိုင်တွေနဲ့ ဆွေးနွေး လို့ အဆင်မပြေ ဘူးလို့ သိရတယ်။ အဲဒါတွေကို တပ် မတော်ကသိသင့် တယ်။ ဒါကြောင့် ကာ/ လုံအစည်းအဝေးခေါ်ရင် ပိုကောင်းမယ်'' ဟု ငြိမ်းချမ်းရေးနှင့် ပတ်သက်သော အခြေအနေကို ယင်းနေ့က သုံးသပ် ပြောကြားခဲ့သည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာ ကွယ်ရေး ဦးစီး ချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေး ရာ ဝန်ကြီး၊ ပြည် ထဲရေးဝန်ကြီးနှင့် နိုင် ငံခြားရေးဝန်ကြီးတို့ဖြင့် အဖွဲ့ဝင် ၁၁ ဦး ဖွဲ့ စည်းထားပြီး ဇူလိုင်လ ၁ ရက်နေ့က အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရ သည်။

အောင်ထက် (NYK)၊ စိုင်းနောင်
Popular Myanmar News Journal

No comments:

Post a Comment