အမျိုးစောင့်ဥပဒေကို ဥပဒေနဲ့ညီညွတ်အောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ကူညီမည်။
သံဃာထုရဲ့ ရည်မှန်းချက်ကို လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ သဘောတူသည်။ သူတို့ခံစားချက်ကို နားလည်တယ်။ လွှတ်တော်ကို တင်ပြမှုရောက်လာခဲ့ရင် တင်လာတဲ့ဥပဒေကြမ်းပေါ်မူတည်ပြီးတော့ လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးသွားမယ်။ နောက်ကျွန်တော်ကိုယ်တိုင် လွှတ်တော်သက်တမ်းမှာ ၁၉၅၄ခုနှစ် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားရေးကို ပြင်ဆင်ဖို့ ရည်မှန်းထားတာ ရှိတယ်။ နောက်တစ်ခုက ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနဲ့ ဒီအမျိုးစောင့်ရှောက်ရေးဥပဒေက ဘယ်လိုဆန့်ကျင်တယ် ဘယ်လိုကွဲလွဲတယ်ဆိုတာကိုတော့ မပြောလိုဘူး။ အမျိုး ဘာသာနဲ့ပတ်သတ်တဲ့ သံဃာများရဲ့ စွမ်းဆောင်မှုကို လေးလေးစားစား အသိအမှတ်ပြုတယ်။ ဥပဒေဖြစ်လာခဲ့ရင် ဥပဒေနဲ့ညီအောင် ပြုပြင်မွမ်းမံပေးမယ်။
ဇူလိုင်လ ၆ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ ၂ အမှတ် ၁၇
=============================================
ဦးသိန်းညွန့်လို လူမျိုးက ၀ိုင်းဝန်းကူညီမယ်ဆိုရင် ဒီဥပဒေ အောင်မြင်ဖို့ အလားအလာ အတော်များတယ်။ဆရာတော်သံဃာတော်များအနေနဲ့ အမျိုးစောင့်ဥပဒေကို လွှတ်တော်မတင်ခင် ဦးသိန်းညွန့်လို လွှတ်တော်အမတ်တွေနဲ့ အရင်တိုင်ပင်ဆွေးနွေးစေလိုပါတယ်။
No comments:
Post a Comment