Saturday, July 6, 2013

မြန်မာ့မီးရထား ဖွံ့ ဖြိုးရေး ဂျပန်ကူညီခြင်းနှင့်အတူ ဌာနပိုင်မြေတွင်လည်း အခြားစီးပွားရေးလုပ်လို

မြန်မာ့မီးရထား ဖွံ့ဖြိုးလာရေးအတွက် ဂျပန်ကအကူ အညီပေးနေ သလို ဌာနပိုင်မြေများတွင်လည်း အခြားစီးပွား ရေးလုပ်ငန်းများ လုပ်ကိုင်လိုသည့် သဘောရှိကြောင်း မြန်မာ့ မီးရထားမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးကျော် ကျော်မျိုးက ပြောသည်။

''မီးရထားလမ်း၊ မြို့ပတ်လမ်း ပြင်ချင်တယ်။ မြို့ပတ် ရထား အဆင့်မြှင့်ပေးချင်တယ်။ သူတို့လုပ်ချင်တာက မီးရ ထားမြေကိုလည်း အသုံးချမယ်။ အဲဒီလို သဘောပါပဲ''ဟု ၄င်းက ပြောသည်။

လက်ရှိတွင် မြန်မာ့မီးရထားပိုင်မြေ၌ ဟိုတယ်နှင့် စူပါ မားကက် များဆောက်လုပ်ရန် အသုံးချနိုင်သည့်မြေနေရာများ ကို တွက်ချက်ကာ ဦးဆောင်ညွှန်ကြားရေးမှူးရုံးသို့ တင်ပြထား ကြောင်းမြန်မာ့မီးရထားမှ သိရသည်။

''တင်ပြထားတာကတော့ နှစ်ကြိမ်လောက်ရှိနေပြီ''ဟု အထက်ပါ အရာရှိက ပြောသည်။

ယင်းအပြင် ရန်ကုန်ဘူတာကြီးကို အဆင့်မြှင့်တင်၍ ဟိုတယ်များ ပါဝင်သော အဆင့်မြင့်ဘူတာကြီးအဖြစ် တည် ဆောက်ရန်လည်း အစီအစဉ်ရှိသည်ဟု မြန်မာ့မီးရထားမှ သိရသည်။

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်ရှိ မီးရထားပိုင်မြေများ ၌ ဟိုတယ်၊ စူပါမားကက်အစရှိသည့် အခြားစီးပွားရေး လုပ် ငန်းများ လုပ်ဆောင်ရန် အတွက် ကြိုးပမ်းသွားရန်ရှိပြီး ယင်း မှာ အရှုံးပေါ်နေသည့်အဝေးပြေး လိုင်းများနှင့် ရန်ကုန်မြို့ ပတ်အတွက် လုံလောက်သည့် အထောက် အကူဖြစ်နိုင်သည်ဟု မျှော်မှန်းကြောင်း ဦးကျော်ကျော်မျိုးက ပြောသည်။

လက်ရှိအခြားစီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နေ သည့် ကြော်ငြာ ဘုတ်လုပ်ငန်းမှာမူ အခွန်ငွေရရှိမှု နည်းပါး ရာ ဆုံးရှုံးမှုကို ကာမိစေနိုင်မှုမရှိဟု ၄င်းကပြောသည်။

ဝေမာထွန်း

Popular Myanmar News Journal

No comments:

Post a Comment