Sunday, June 16, 2013

သုံးဆယ်ဆရာတော်ဘုရားကြီး ဘ၀နတ်ထံပျံလွန်တော်မူ


သုံးဆယ်ဆရာတော်ဘုရားကြီး ဘ၀နတ်ထံပျံလွန်တော်မူ Sunday, June 16, 2013 ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံသို့ တက်ရောက်ဆေးဝါး ကုသမှုခံယူနေသော သုံးဆယ်ဆရာ တော်ကြီး (ဝါ) တော ၃ဝ၊ တောင် ၃ဝ၊ ရေအိုင် ၃ဝ တို့တွင် ဓုတင်္ဂါစာရ ကျင့်ကြံခဲ့သည့် ဆရာတော်ကြီး ဟု အများသိထားကြသည့် ဘဒ္ဒန္တအရှင်ဉာဏ သက်တော် (၉၆) နှစ်၊ ဝါတော် (၇၆) ဝါ သည် ၁၅.၆. ၂ဝ၁၃ (စနေနေ့) နံနက် (၇းဝဝ) နာရီအချိန်တွင် အာရှတော်ဝင်ဆေးရုံ၌ ပျံလွန်တော်မူသွားခဲ့ရာ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ နံနက် (၉းဝဝ) နာရီအချိန်တွင် သွားရောက်၍ ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော် အား ဆရာတော်ကြီး၏ နောက်ဆုံးဆန္ဒအရ မီးသင်္ဂြိုလ်ခြင်း၊ ဂူသွင်းခြင်းတို့ မပြုလုပ်ရန်မှာကြားခဲ့ပြီး တပည့်၊ ဒါယကာ၊ ဒါယကာမများတို့အတွက် သုံးဆယ်မြို့တွင် အပူဇော်ခံထားရှိရန် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ စတီးလ်မှန်ခေါင်းလှူဒါန်း၍ ဆရာတော်ကြီး သီတင်းသုံးနေထိုင်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အနောက်လက်ပံခုန်ရပ်ကွက်ရှိ “ဓုတင်္ဂါစာရဓမ္မသုခ အရှင်ဉာဏဆရာ တော်ကြီး၏ ဓုတင်္ဂါဃရဓမ္မသုခဗိမာန်တော်” သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်ဖြင့် ပင့်ဆောင်၍ နေ့လည် (၂းဝဝ) နာရီအချိန်တွင် ဆိုက်ရောက်ခဲ့ပြီး ကျောင်းတိုက်ပေါ်သို့ပင့်ဆောင်၍ အပူ ဇော်ခံထားရှိပြီး ပြည်တွင်း/ပရှိ(၇) ရက်သား သမီး၊ တပည့်၊ ဒါယကာ၊ ဒါယကာမများကြွရောက်၍ ဖူးမြော် နိုင်ကြပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။ - ဘုရားမမေ့နဲ့၊ တစ်နေ့ဘုရား (၅) ကြိမ် ရှိခိုးကြပါ။ နံနက်တစ်ကြိမ်၊ နေ့လည်၊ နေ့ခင်း၊ ညနေအချိန်များတွင် သွားရင်း၊ လာရင်း၊ လုပ်ရင်း၊ ကိုင်ရင်း၊ နေရင်း၊ ထိုင်ရင်း အာရုံပြုရှိခိုးပါ။ ညအိပ်ရာမဝင်ခင် တစ်ကြိမ်ရှိခိုးပါ။ (ဆွမ်း + ဆီမီး + ရေ + ပန်း + အမွှေးတိုင်) ဖြင့် လှူဒါန်းပူဇော်ပါ။ - ငါးပါးသီလ မြဲကြပါ။ (နံနက်ဘုရားရှိခိုးပြီး ငါးပါးသီလ ခံယူဆောက်တည်ပါ။ ည အိပ်ရာမဝင်ခင် ဘုရားရှိခိုင်ပြီး ငါးပါး သီလ ပြန်တည်ဆောက်ပါ။) - ဂုဏ်တော်ကို နေ့စဉ်ပွားများကြပါ။ အားထုတ်ကြစမ်းပါ။ လူ၊ နတ်၊ သတ္တဝါအားလုံးကို မေတ္တာပို့ပါ။ ကောင်းမှုအစုစုကို အမျှပေးဝေပါ။ - မေတ္တာနှင့်ယှဉ်သော အလုပ်ကိုလုပ်ပါ။ - မေတ္တာနှင့်ယှဉ်သော စကားကိုပြောပါ။ - မေတ္တာနှင့်ယှဉ်သော အစားကိုစားပါ။ - မေတ္တာနှင့်ယှဉ်သော အဓိဋ္ဌာန်ပြု သက်သက်လွတ်စားကြပါ။ - မေတ္တာနှင့်ယှဉ်သော နေထိုင်ကျင့်ကြံအားထုတ်ကြပါ။ - ခင်ပွန်းကြီး (၁ဝ) ပါးကို ဘယ်သောအခါမှ မပြစ်မှားမိအောင် နေထိုင်ပြောဆိုဆက်ဆံကြပါ ဟု ဆရာတော်ကြီးမှ မေတ္တာသြဝါဒများအား မိန့်ကြားထားခဲ့သည်။ (ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံး မေတ္တာသုံး၍ အေးချမ်းကြပါစေ)




Ref & Creadit Myawady News

No comments:

Post a Comment