Thursday, June 27, 2013

"သည်းခံခြင်း ခွင့်လွှတ်ခြင်းတရားများကျင့်သုံးကြပါရန် သီတဂူဆရာတော်ကြီးက မေတ္တာရပ်ခံ"



Thursday, June 27, 2013

ဗုဒ္ဓ၏တပည့်သား ရဟန်းသံဃာတော်များအနေဖြင့် သည်းခံခြင်း ခွင့်လွှတ်ခြင်းတရားများကျင့်သုံးကြပါရန် သီတဂူဆရာတော်ကြီးက မေတ္တာရပ်ခံလိုက်သည် အင်းစိန်မြို့ အောင်ဆန်းတပ်ဦးကျောင်းတွင်ယနေ့ကျင်းပသည့်
့အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲသို့ တက်ရောက်လာကြသော သံဃာတစ်ထောင်ကျော်နှင့်လူပရိသတ်များအား မိန့်ခဲ့ခြင်းဖြစ်သည်။

"သည်းခံခြင်း ခွင့်လွှတ်ခြင်းတရားများဟာ တပည့်တော်တို့ရဲ့ရည်ရွယ်ချက်များအောင်မြင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်"ဟု ဆရာတော်က မိန့်သည်ထို့နောက် ဆရာတော်က ဘုရားဟောတရားများကိုကိုးကား၍ ထိုသို့ကျင့်သုံးရန်ဟောခဲ့ပြီး ဗုဒ္ဓဟောကြားသည့်အတိုင်း
ဝေဖန်ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းများကို မဟုတ်လျှင်မဟုတ်ဟု ရှင်းလင်းရန်လိုပြီး ဟုတ်လျှင်ဟုတ်သည့်အတိုင်း ဝန်ခံရမည် ဟု မိန့်ခဲ့သည်။

"မူစလင်က ကဲ့ရဲ့ ကဲ့ရဲ့ ခရစ်ယာန်က ကဲ့ရဲ့ ကဲ့ရဲ့ Time ကပဲ ကဲ့ရဲ့ ကဲ့ရဲ့ သည်းခံတော်မူကြပါ သည်းမခံနိုင်ရင် လုပ်ငန်းစဉ်တွေအတွက် အန္တရာယ်ရှိပါတယ် " ဟု ဆရာတော်က ဆက်လက်မိန့်ခဲ့သည်။

သို့သော် TIMEW မဂ္ဂဇင်းတွင်ရေးသားဖော်ပြခဲ့သည့်ဆောင်းပါးနှင့်ပတ်သက်၍မူ ကန့်ကွက်လက်မခံကြောင်း သီတဂူဆရာတော်ကြီးက တရားဝင်မိန်ကြားပါသည်။

ထို့ပြင်ဘုရားဟောကြားခဲ့သည့်အတိုင်း မဟုတ်လျှင်မဟုတ်ကြောင်း ဟုတ်လျှင်ဟုတ်ကြောင်းဝန်ခံခြင်းသည် လူ့အခွင့်အရေးပင်ဖြစ်ကြောင်း လည်း ဆရာတော်က ထည့်သွင်းမိန့်ကြားခဲ့သည်။

အောင်ခွန်းဆက်
Popular Myanmar News Journal

No comments:

Post a Comment