Thursday, June 27, 2013

သီတဂူဆရာတော်ကြီးရဲ့ မလေးရှားခရီးစဉ်


သီတဂူဆရာတော်ကြီးရဲ့ ကပုန်းဘုန်းတော်ကြီးကျောင်းသို့အသွားအပြန်လမ်းကြောင်းတလျှောက်ကိုလည်း မလေးရှား ရဲတပ်ဖွဲ့တွေက VIPလမ်းကြောင်းအဖြစ် အထူးယာဉ်တန်းဖြင့် ပို့ဆောင်ပေးခဲ့ပါတယ် ဆရာတော်ကြီးရဲ့ မေတ္တာတရားဟာ အရမ်းကိုအေးမြစေပါတယ် ပြီးတော့ မလေးရှားအစိုးရကလည်း သူတို့ဘာသာမတူကြသော်လည်း မြန်မာပြည်က ဘာသာခြားတွေလို မဟုတ်ကြပါဘူး ကျွန်တော်ယုံကြည်မိတာကတော့ ဆရာတော်၏ အားလုံးသောသတ္တဝါတွေလို့ခြုံပြီးပို့သတဲ့မေတ္တာတွေဟာ ဘယ်သူဘယ်ဝါ ဘယ်ဘာသာဆိုတာမခွဲခြားပဲ အမြဲပို့သတဲ့မေတ္တာတရားတွေကြောင့်လို့ယုံကြည်မိပါတယ် ဆရာတော်ကြီး၏ ဘီလုံးငှက် နဲ့စွန်ရဲကို ဥပမာပေးပြီးဟောကြားသွားတဲ့ဆုံးမတရားတော်ဟာလည်း အခုဖြစ်နေတဲ့အဖြစ်တွေကိုလာကြည့်ပြီးပြောနေသလို ထိရောက်ပါတယ် ပြီးတော့ ဗုဒ္ဓဘာသာတွေ မီးဝေးလိုချိတ်အေးနေသလိုဖြစ်မှာစိုးလို့ အဆုံးအမတွေ နဲ့ဝေးပြီး ဘာသာတရားတွေသွေအေးနေမှာစိုးလို့မလေးရှားအထိ လာရောက်ပြီး ကိုယ့်လေယာဉ်စရိတ် ကိုယ့်ဟော်တယ်ခနဲ့ သီတဂူအထောက်အကူပြုအဖွဲ့များရဲ့အလှူကိုတကယ် လိုအပ်တဲ့နေရာမှာတကယ်ထိရောက်အောင် လှူဒါန်းအသုံးပြုနိုင်အောင် မိုင်ပေါင်းများစွာဝေးတဲ့မြန်မာပြည်ကနေ တကယ်ကိုဂရုနာကြီးစွာနဲ့ လာရောက်ပြီး ကူညီဖြည့်ဆည်းပေးခဲ့တဲ့ဆရာတော်၏ မေတ္တာတရားဟာ တို့ဘာသာရဲ့ ဥသျှောင် အဓိပတိ ပီသပါပေတယ် ဆရာတော်ကြီးရဲ့ကောင်းမှူ့တွေကို သူငယ်ချင်းတွေသာဓုခေါ်နိုင်ကြပါစေ မေတ္တာ တရားတွေကြီးမားလှတဲ့ဗုဒ္ဓဘာသာ သာသနာတော်ရဲ့အလင်းရောင်တွေကိုပေးနိုင်တဲ့ သာသနာ့အာဇာနည်ဆရာတော်ကြီးသက်တော်ရာကျော်ရှည်ပါစေဘုရား လက်ဆယ်ဖြာထိပ်မှာမိုး၍ ထာဝရ ရင်ထဲကဦးတင်ရှိခိုးပူဇော်ပါတယ်ဆရာတော်အရှင်မြတ်ဘုရား

Ref & Creadit Min Zaw Swe

No comments:

Post a Comment