Wednesday, June 26, 2013

"ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူမဟုတ်၍ မျိုးစောင့်ဥပဒေဆိုသည်ကိုမသုံးသပ်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော"

နေပြည်တော်၊ဇွန် ၂၅


လူပြောများနေသော အမျိုးစောင့်ဥပေ ဒဆိုသည်တွင်ဘာယာရေးနှင့်ဥပဒေ ရောယှက်နေသည့်အတွက် ဘာသာရေးအပိုင်းတွင်ကျွမ်းကျင်သူမဟုတ်၍ သုံးသပ်လိုခြင်းမရှိဟုပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကယနေ့ကျင်းပသော ပဌမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးပထမနေ့ နေ့လည်ပိုင်းခေတ္တနားချိန်ဝယ် မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

“အဲဒီဟာကနှစ်ဖက်ရှိတယ်လေ၊ဘာသာရေးနဲ့ ဥပဒေ နှစ်ပိုင်းရှိတယ်လေ၊ဘာသာရေးမှာ ကျွမ်းကျင်သူမဟုတ်တဲ့ အတွက် ဘာသာရေး နဲ့ပတ်သတ်ပြီးအန်တီပြောလေ့ မရှိဘူး၊ လက်ရှိအန်တီတို့ တည်စဲဥပဒေ ထဲမှာ အဲလိုမျိုး ဥပဒေ မရှိဘူး၊ဥပဒေဆို တာဟာတော့ တရားမျှတ မှု ကိုအခြေခံရမယ်တန်းတူညီမျှ မှုကို အခြေခံရမယ်ဆိုတာ အားလုံးလက်ခံထား တဲ့ဟာတွေပဲ”ဟု၎င်း ကပြောသည်။

တိုင်းမဂ္ဂဇင်းထဲတွင်ဗုဒ္ဒဘာသာကို အကြမ်းဖက်မှုခေါင်စဉ်နှင့် ယှဉ်တွဲဖေါ်ပြ မှုနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ဆောင်းပါးကိုဖတ်ရခြင်း မရှိသေးကြောင်းအစိုးရကကန့် ကွက်သည် ကို လည်းကြားရကြောင်းအဆိုပါဆောင်းပါးကို ဖတ်ရှုရခြင်းမရှိသေးသည့်အတွက်သုံးသပ်မှု မပြုလုပ်လိုကြောင်း၎င်းကပြောသည်။် “ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့အကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီးအထင်ခံရတာ ကတော့ ဘယ်ကောင်းမှာလဲ၊ဘာသာတရားဆိုတာကေ တာ့ အခြေခံကတော့လူ သားတွေကြားမှာ အချင်းချင်းမေတ္တာ ပွားဖို့ ဂရုဏာ ၊မုဒိတာ ပွားဖို့ဥပက္ခာ ပွားနိုင်ဖို့ ဒီဟာကိုတွန်းအားပေးရမယ် ဘယ်ဘာသာဖြစ်ဖြစ်ပါ အများအမြင်မှာ အကြမ်းဖက်တယ်လို့ မြင်လာတာ မကောင်းဘူးပေါ့၊ဒါပေမယ့်ဒီလို အမှားမြင်တာ မဖြစ်အောင်အားလုံးက ၀ိုင်းဝန်ကြိုးပမ်းဖို့လိုတာပေါ့” ဟု၎င်းကပြောသည်။

ဘာသာ တရားကိုးကွယ်ခြင်းမှာ့ ယုံကြည် မှုနှင့်သက်ဆိုင်ကြောင်းထိုကြောင့်ဘာသာတရားကိုလိုက်စားသည့်သူ အားလုံးကယုံကြည်မှုခိုင်မာလျှင်မ ည်သည်အရာနှင့်မျှလုပ်လို့ မှမရပါကြောင်း၎င်း ကဘာသာရေးအပေါ် ကာ ကွယ်ရန်ဥပဒေ ပြဌာန်းရေးနှင့်ပတ်သတ်ပြီးပြောကြားသည်။

“ဒါတွေနဲ့ပတ်သတ်ပြီး အန်တီမဖြေချင်လို့ မဟုတ်ဘူး အခုအန်တီတို့ နိုင်ငံ အပေါ်မှာ အမြင်စောင်းလာပြီးဆိုတာ အားလုံသိနေတာပဲ မီဒီယာတွေမှာ ဖြစိပျက်နေတာအား လုံးကြားမှာပါ အရင်တုန်းက အန်တီတို့တိုင်းပြည်မှာ ဖြစ်ပျက်နေတာ ဒီမှာပဲဖြစ်နေတာ၊အခုအန်တီတို့ တိုင်းပြည်မှညဖြစ်ပျက်နေတာ တစ်ကမ္ဘာလုံးနဲ့ ဆက်နွယ်နေတယ် ဒီဟာကိုချိန်ခွင် လျှာညီးမျှအောင်လုပ်ရမယ်၊ကိုယ်နိုင်ငံအတွင်ကကိုယ်ပြည်သူတွေရဲ့စိတ်အေးချမ်းလုံခြုံမှုကိုလည်းစဉ်စားရမယ်၊ ကိုယ်နိုင်ငံမှာရှိတဲ့လူတိုင်းရဲ့အေးချမ်းတည်ငြိမ်မှု ကိုစဉ်စားရမယ် ကွက်ပြီးတော့စဉ်စားလို့ မရဘူး၊ တစ်ကမ္ဘာလုံးရဲ့ အနေအထားနဲ့ လည်းစဉ်စားရမယ်”ဟု၎င်းကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် တစ်ဦးတစ်ယောက်တည်း အဖြေထုတ်ဖြေရှင်းနိုင်သည့် ကိစ္စ မျိုး မဟုတ်ကြောင်းအခြေအနေ များကလည်းပြောင်းလဲမှုမြန်ဆန်ကြောင်းဆက်လက်ဖြစ်ပွားမှု မရှိရန်ဝိုင်းဝန်အဖြေရှာရန်လို အပ်ကြောင်း ၎င်းကပြောသည်။

Ref : စိုင်းနောင်
Ref & Credit ဗမာ့သား

No comments:

Post a Comment