Thursday, June 27, 2013

ဆက်သွယ်ရေးတင်ဒါ ကာတာနှင့် နော်ဝေနိုင်ငံအခြေစိုက်ကုမ္ပဏီများအား ရွေးချယ်ပြီးစီး


ဇွန်လ ၂၇ ရက် ၂၀၁၃

ဆက်သွယ်ရေးအော်ပရေတာရွေးချယ်မှု၌ တင်ဒါအောင်မြင်သွားသည့် ကုမ္ပဏီများမှာ ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီနှင့် နော်ဝေနိုင်ငံမှ Telenor ကုမ္ပဏီတို့ဖြစ်ပြီး အရံကုမ္ပဏီအဖြစ် Orange ကုမ္ပဏီအား ရွေးချယ်လိုက်ကြောင်း သိရသည်။

Telenor နှင့် Ooredoo ကုမ္ပဏီများမှာ ပြည်ပရာနှုန်းပြည့်ရင်းနှီးမြှပ်နှံမည့်ကုမ္ပဏီများဖြစ်ပြီး ပြင်သစ်အခြေစိုက် Orange ကုမ္ပဏီမှာလည်း ပြည်ပရာနှုန်းပြည့်ရင်းနှီးမြှပ်နှံမည့်ကုမ္ပဏီဖြစ်သည်။

ဈေးကွက်ဝေစု (၁၁)ခုရရှိထားသည့် Telenor ကုမ္ပဏီမှာ နော်ဝေးနိုင်ငံပိုင်ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ အရှေ့ အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် အာရှတိုက်များ၌ ဈေးကွက်ဝေစု ရရှိထားသည့် ကာတာအခြေစိုက် Ooredoo ကုမ္ပဏီမှ မြန်မာ့ဆက်သွယ်ရေးဈေးကွက်အတွင် ၀င်ရောက်ဆောင်ရွက်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

ကာတာအခြေစိုက် Ooredoo ကုမ္ပဏီမှာ တင်ဒါအောင်မြင်ပါက ၁၅ဘီလီယံ သုံးစွဲမည်ဟု ပြောကြားထားပြီး ၂နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်အတာအရ မြန်မာ့ဆက်သွယ်ရေးကွန်ယက်အား ၉၀ ရာနှုန်း သုံးစွဲနိုင်သည်အထိ ဖြစ်မြောက်စေရေး ဆောင်ရွက်ပေးမည်ဟု ကတိပြုထားသည့်ကုမ္ပဏီဖြစ်သည်။

နော်ဝေအစိုးရမှာ မြန်မာနိုင်ငံအပေါ်တင်ရှိနေသည့် ကြွေးမှီများအား ပေးလျော်ခဲ့ခြင်းကြောင့့်  Telenorအား ရွေးချယ်ရခြင်း ဖြစ်သည်ဟု အများစုက သုံးသပ်နေကြသည်။

ဇွန်လ(၂၆)ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများကို ဆက်သွယ်ရေး ဥပဒေ အတည်ပြုပြီးသည်အထိ ကြေငြာရန် ဆိုင်းငံ့ထားသင့်ကြောင်း အဆိုကို တနိုင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးမျိုးဆွေမှ တင်သွင်းခဲ့ရာ ကန့်ကွက်သူ မရှိခဲ့ချေ။ အဆိုပါ အဆိုတင်းသွင်းခြင်းကြောင့် ဖေ့ဘွတ်ခ်စာမျက်နှာများ၌ ကန့်ကွက်မှု အများအပြား ဖြစ်ပေါ်ခဲ့သေးသည်။

မြန်မာ့ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းများအား ပြည်တွင်းကုမ္ပဏီနှစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အပါအ၀င် ရတနာပုံတယ်လီပို့ ကုမ္ပဏီနှင့် ယခုတင်ဒါအောင်မြင်ခဲ့သည့် ပြည်ပကုမ္ပဏီများမှာ ပြည်တွင်းဈေးကွက်ဝေစု ပိုမိုရရှိနိုင်ရေး ဆောင်ရွက်တော့မည်ဖြစ်သည်။

ပြည်ပကုမ္ပဏီများကို လွန်ခဲ့သော ခြောက်လမှစ၍ စတင် တင်ဒါခေါ်ယူခဲ့ကာ နောက်ဆုံး ကျန်ရစ်သည့် ကုမ္ပဏီ ၁၁ ခုမှ နှစ်ခုကို ဇွန်လ ၂၇ ရက်နေ့ ညနေ(၅)နာရီ၌ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Ref & Credit : MMSD
Creadit : မြစ်မခ

No comments:

Post a Comment