Friday, June 14, 2013

မြန်မာ၁၈၀ဦး ဘေးမသီရန်မခဘဲ မလေးရှားမှ မနက်ဖြန် စတင်ပြန် ရောက်မည်


         မြန်မာနိုင်ငံသား ၁၈၀ ဦးကို မလေးရှားနိုင်ငံမှ ဇွန်လ ၁၅ ရက်တွင် ပထမဦးဆုံးအသုတ်ဖြစ်ပြန်လည် ခေါ်ယူလာတော့မည်ဖြစ်ကြောင်းကမ္ဘောဇလုပ်ငန်းစုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇွန်လ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
         မလေးရှားနိုင်ငံတွင် ပဋိပက္ခအကြမ်းဖက် ခံရမှုများကြောင့် မြန်မာနိုင်ငံသို့ပြန်လာချင်နေသော နိုင်ငံသားများအတွက် အစိုးရအစီစဉ်မှ ပထမဦးဆုံး Pilot စီမံချက်ဖြစ်ပြီး လေယာဉ်လက်မှတ်ခကို ဒေါ်လာ ၇၀ ဖြင့်သာ ပျံသန်းပေးခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။ "၁၅ ရက်နေ့မှာ လူ ၁၈၀ ကို MAI နဲ့ပြန်ခေါ်လာဖို့ ရှိတယ်၊ လေယာဉ်က ၁၈၀ ဦး ဆန့်တယ်လေ"ဟု KBZ မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။မြန်မာနိုင်ငံသို့ ပြန်လာနိုင်စေရန်အတွက် ဇွန်လ ၁၂ ရက်နေ့က မလေးရှာရှိ MAI လက်မှတ်ရောင်းကောင်တာတွင် စတင်ရောင်းချခဲ့ရာ တစ်ရက်တည်းမှာတင် လေယဉ်လက်မှတ် ဝယ်ယူသူ ၁၈၀ ပြည့်သွားခဲ့ကြောင်းသိရသည်။
           ပြည်တွင်းသို့ပြန်လာချင်နေသော မြန်မာနိုင်ငံသားများနှင့်ပတ်သက်ပြီး မည်သူမည်ဝါဖြစ်သည်ကို နာမည်စာရင်း အတိအကျထုတ်ပြန်ရန်ခက်ခဲသော်လဲ မြန်မာနိုင်ငံမှ ၄င်းတို့၏ မိသားစုဝင်များ အနေဖြင့် မိခင်တိုင်းပြည်နေရပ်ဆီသို့ ပြန်လာမည့် မိသားစုဝင်များအတွက် ဝမ်းမြောက်စွာကြိုဆိုနေကြမည်ဖြစ်ကြောင်းနှင့် ဘေးမသီရန်မခဘဲပြန်လာကြသည်ကို မျှော်လင့်နေကြလိမ့်မည်ဟုသိရသည်။MAI မှ မအေးမရသာ၏ ပြောကြားချက်အရ လေယဉ်လက်မှတ်ကို ဒေါ်လာ ၂၀၀ ဝန်းကျင်ကျသင့်သည့်အထဲမှ မူလကြော်ညာထားသည့် ၅၀ ရာခိုင်နှုန်း လျှော့ချခြင်းထက် ပိုနည်းသော ဒေါ်လာ ၇၀ သာယူထားပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Ref & Creadit The Pyi Myanmar Daily

No comments:

Post a Comment