ကာလီဖိုးနီးယား ပြည်နယ် တော်ရန်(စ) က ဘား တစ်ခု မှာ လုံခြုံရေး တွေ
ရဲ့  ပြင်းထန် စွာ ရိုက် နှက် ခံ ရသူ အသက် ၄၃ နှစ် အရွယ် အန်တိုနီယို လို
ပက်(ဇ) ချာဇ် ကို ဒေါ်လာ ၅၈ သန်း ပေး လျှော် ဖို့  တရား ရုံးက အမိန့် 
ချ မှတ် လိုက် ပါတယ်။
အန်တိုနီယို ကို ရိုက် နှက် ခဲ့ တဲ့ လုံခြုံရေး အဖွဲ့  ၀င် တွေ ရဲ့  ကုမ္ပဏီ က
ဒီ လျှော် ကြေး ငွေ ကို ပေး ရ မှာ ဖြစ် ပါတယ်။
၂၀၁၀ ခုနှစ် ဧပြီ လ က ရိုက် နှက် ခံ ရ ပြီး နောက် အန်တိုနီယို ကို ခွဲ စိတ်
ကုသ စဉ် ဦးခေါင်း ရဲ့  လေး ပုံ တစ် ပုံ ကို ခွဲ ထုတ် ခဲ့ ရ ပါတယ်။ ပြင်းထန်
စွာ ရိုက် နှက်ခံ ရ လို့  အသက် ဆုံး ရှုံး မတတ် ဖြစ် နေပေမယ့် ဆရာ ၀န်
တွေ က အောင်မြင် စွာ ကုသ နိုင်လို့  အသက် ဆုံး ရှုံး ခြင်း မရှိ ပေမယ့်
စကား ပြော ဆို နိုင် ခြင်း မရှိ တော့ သလို ၂၄ နာရီ ပတ် လုံး စောင့် ရှောက်
မှု လို အပ် မှာ ဖြစ် ပါတယ်။
သူ့  ကို ရိုက် နှက် ခဲ့ တာ LA မှာ အခြေ စိုက် တဲ့ DGSP Security and Patrol Service က ကျွမ်းကျင် မှု မရှိ တဲ့ ၀န်ထမ်း တွေ ဖြစ် ပါတယ်။
(Photo: Nick Ut, AP)
Freedom News Group(Burma)

No comments:
Post a Comment