Friday, July 5, 2013

မန္တလေးတိုင်းဒေသကြီး ဇူလိုင်လ (၃) ရက်နေ့က ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်သုဿန်အနီးမှာ အမှိုက်ပုံမှာ မူးယစ်ဆေးဝါးများကို လာရောက်စွန့်ပစ်မှုဖြစ်ပွား


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသယ်ယူ၊ သိုလှောင်ရောင်းချမှုများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများ အရှိန်မြှင့်ဆောင်ရွက်နေပါတယ်။

ဒါ့ကြောင့် ဇူလိုင်လ (၃) ရက်နေ့က ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်သုဿန်အနီးမှာ အမှိုက်ပုံမှာ မူးယစ်ဆေးဝါးများကို လာရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့ပါတယ်။

အမှိုက်ပုံမှာ မသင်္ကာဖွယ်ရာဆေးဝါးများလာရောက်စွန့်ပစ်ထားတယ်လို့ သတင်းရတဲ့ အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးတဲ့အခါ ဆေးရုံသုံးပစ္စည်းများ စွန့်ပစ်တဲ့နေရာမှာ ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ ဆေးပြားများကို စွန့်ပစ် မီးရှို့ဖျက်ဆီးထားတာတွေ့ရ ပါတယ်။

အဲဒီနေရာကို အသေးစိတ်ရှင်းလင်းတဲ့အခါ မီးမလောင်သေးတဲ့ အက်ဖီဒရင်း အမှုန့် ၁၅ ကီလိုပါ နှစ်ထုပ်၊ ၅ ကီလိုပါ နှစ်ထုပ် စုစုပေါင်း ကီလို ၄၀၊ Solkuf ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ ဆေးပြား ၃၅၂ ၀၀၀၊ Coolact အမျိုးအစား ဆူဒိုအက်ဖီ ဒရင်း ဆေးပြား ဆယ်ပြားပါ ဆေးကတ် ၇၀၀၀ ကတ်၊ဆေးပြားပေါင်း ခုနှစ်သောင်း၊ ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

ရှာဖွေသိမ်းဆည်းခဲ့တဲ့ မူးယစ်ဆေးဝါးတန်ဖိုးဟာ သိန်းနှစ်ထောင်ကျော်တန်ဖိုး ရှိကြောင်း သိရပါတယ်။

Ref : U Ye Htut

No comments:

Post a Comment