Monday, July 22, 2013

တရားပွဲအနီး ပေါက်ကွဲမှုဖြစ်ပွား



တရားပွဲအနီး ပေါက်ကွဲမှုဖြစ်ပွား
မန္တလေးမဟာအောင်မြေမြို့နယ် ၃၆လမ်းအနီးမှာဖြစ်ပွား |

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာ ဘုမ္မိအနောက် ရပ်ကွက် ၃၆လမ်း၊ ၈၄လမ်းနှင့် ၈၅လမ်းကြား၌ ဇူလိုင် ၂၁ရက် ည ၉နာရီ ၁၅မိနစ်ခန့်က တရားပွဲကျင်းပနေစဉ် တရားပွဲစင် အနောက်၌ရပ်ထားသော မတ်တူးအမျိုးအစား ၇က/၃ဝ၂ဝယာဉ်၏ ဘယ်ဘက်အနောက်ဘီးအနီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အေးမေတ္တာ ဆေးခန်းရှေ့၌ ရပ်ထားသော ၅င/ ၈၆၆၅ယာဉ်နောက်ဖုံးနှင့် ယာဘက် တံခါးတို့ကို ထိမှန်ခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားရာတွင် အမျိုးသားနှစ်ဦး နှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။

သီဟကိုကို (မန္တလေး)

-------------------------------------------------
ဇူလိုင် ၂၂ ရက်နေ့ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၊
အတွဲ(၂)၊ အမှတ်(၀၀၈)
The Golden Fresh Land Daily Newspaper

No comments:

Post a Comment