Wednesday, June 26, 2013

Sony ချစ်သူများအတွက် ၆.၄ လက်မအရွယ်ရှိ Sony Xperia Z Ultra မိတ်ဆက်



ကြီးကြီး ကြိုက်သူများအတွက် ၆.၄ လက်မ Sony Xperia Z Ultra မိတ်ဆက်

လက်ရှိ ထွက်နေကြတဲ့ ကျောက်သင်ပုန်း ကွန်ပြူတာများထက် လက်မ ဝက်ပဲ ငယ်ပါတော့တယ်။ သို့ပေမယ့် ဒါကို Sony က ဖုန်းအဖြစ်ပဲ ထုတ်တာပါ။ Sony Xperia Z Ultra လို့ အမည်ပေးထားပါတယ်။

၆.၄ လက်မမို့ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း (phablet) စာရင်းထဲ ပါဝင်လာမှာပါ။ ဒါတင်ဘယ်ကမလဲ။ သူက 6.5mm ပဲ ထူတော့ ကမ္ဘာ့ အပါးဆုံး စမတ်ဖုန်းလည်း ဖြစ်မယ်လို့ Sony က ပွဲထုတ်တဲ့နေ့မှာ မိတ်ဆက် ပြောကြားပါတယ်။

ကင်မရာ

8 megapixel ပဲ သုံးပါတယ်။ ဘာကြောင့်လဲ မပြောတတ်ပါဘူး။ သာမန် 13 Megapixel လောက်ထုတ်နေကျ Sony က Ultra မှာ 8 megapixel ဗားရှင်းပဲ ဖန်တီးပါတယ်။ ရှေ့ မှာတော့ 2 megapixel ကင်မရာ သုံးမှာပါ။ ကင်မရာ Feature ကတော့ အခြား Sony ဖုန်းများနဲ့ အတူတူပါပဲ။

ရေစိုခံ မှု

Sony ရဲ့  Xperia စီးရိးတွေကို ဒီနောက်ပိုင်း ရေစိုခံတွေချည်း ထုတ်ဖို့ ပိုများမှာပါ။ ဒါကြောင့် ၆.၄ လက်မ ဖုန်းကလည်း ရေစိုခံဖုန်း ဖြစ်မှာ ဖြစ် ပါတယ်။

Processor

2.2GHz Snapdragon 800 ကိုအသုံးပြုပြီး Fastest Processor များထဲမှ တစ်ခုလို့ Sony က ပြောပါတယ်။

အရွယ်၊ အလေးချိန်

179.4 x 92.2 x 6.5mm ပတ်လည်ရှိပြီး Samsung Galaxy Note 2 ထက်လည်း သိသိသာသာ ရှည်ထွက်နေပါတယ်။ ၂၁၂ ဂရမ်ဆိုတော့ ၂၀ ဂရမ်လောက်ပဲ လက်ရှိ Phablet တွေထပ် လေးပါတယ်။

Feature များ

4G ဆက်သွယ်မှုစနစ် ထောက်ပံ့တယ်။ Bluetooth, Wi Fi အခြားအမြင့်ဖုန်း တွေလို ပါရှိပါတယ်။ Sony က သီးသန့်ပေးတဲ့ App နဲ့ service feature တို့ အစုံအလင်ပါရှိပြီး Xperia မိသားစုထဲက အကြီးဆုံးနဲ့ အကောင်းဆုံး ဖြစ်ဖို့ ရည်ရွယ်တဲ့ ဖုန်း ဖြစ်ပါတယ်။ ထူးခြားချက် တစ်ခုက အခြားသော ခဲတံ၊ဘောပင်တို့လို ထိပ်ချွန်သော ဘယ်ပစ္စည်းနဲ့မဆို Samsung ရဲ့  Galaxy Note စီးရီးထဲကအတိုင်း ရေးသား အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။

မျက်နှာပြင်

မျက်နှာပြင်ကြီးကို Full HD 1920 x 1080 ပေးတဲ့အတွက် ရုပ်ထွက် ကောင်းတဲ့ စမတ်ဖုန်း ပါပဲ။

ဈေးနှုန်းနှင့် ထွက်မည့်အချိန်

Android OS 4.2 Jelly ကို အသုံးပြုပြီး ၂၀၁၃ စက်တင်ဘာမှ ထွက်မယ့် ဖုန်းပါ။ အဲ့တော့မှ Review အပြည့်အစုံ ဖော်ပြပါမယ်။ ကာလတန်ဖိုး အားဖြင့် ယူရိုငွေ ၇၁၉ ရှိမယ်လို့ ခန့်မှန်းထားတဲ့ ဈေးကြီး Phablet ဖုန်း တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။



Ref: pocketling
Aung Kham (TSJ team)

No comments:

Post a Comment